Code of Conduct
ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက်
၁။အလုပ်ကိုဉာဏ်နှင့် ဝိရိယရှိရှိလုပ်ပါမည်
၂။မိမိနှင့် မိသားစုသည် နှစ်လုံးထီ၊ ချဲထီ၊ ဘောလုံးလောင်းခြင်း နှင့် မည်သည့်လောင်းကစားမှမလုပ်ပါ။
၃။မည်သူ့ကိုမှ နိုင်ထက်စီးနင်းမလုပ်ပါ၊ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေပါမည်၊ အကူအညီလိုသူကို ကူညီပါမည်။
၄။ငွေစုပါမည်။
၅။သားသမီးများကိုကျောင်းထားပါမည်။
၆။မိသားစုကို ကောင်းစွာစောင့်ရှောက်ပါမည်။
Meetings with members in the quarter
1.Weekly meetings with the members are held for six times consecutively
2.At the 1st meeting
a)The location of the foundation
b)The goals and action plans of the foundation
c)The number of times to attend the meetings
d)Age limit eligible to be apply for members
e)Things about loans for eligible members
f)Resolutions to be considered before members
g)Things about visiting members’ homes and to avoid entertaining field in charges
h)Answering questions about the foundation from the members
i)Six resolutions for the foundation’s members
(၁) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။အဖွဲ့အစည်း၏တည်နေရာ။
ခ။ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်သွားမည့်နည်းလမ်းများ။
ဂ။ အစည်းအဝေးတက်ရောက်ရမည့်အကြိမ်ရေ။
ဃ။ အသင်းသားအဖြစ်ခံစားခွင့်ရှိသည့် အသက်ကန့်သတ်မှု။
င။ အသင်းသားအဖြစ်ခံစားခွင့်ရှိသူများ၏ ရင်းနှီးမြှုပ်နှံမှုချေးငွေ နှင့်ပတ်သက်သည့်အကြောင်းအရာများ။
စ။ အဖွဲ့ အစည်းသို့မဝင်မီ ဆုံးဖြတ်ရမည့် ခံယူချက်အကြောင်း။
ဆ။ အဖွဲ့ဝင်များထံ အိမ်လည်မည့်အစီအစဉ်များနှင့် နယ်မြေတာဝန်ခံများ အားဧည့်ခံမှုမပြုရမည့်အကြောင်းအရာ။
ဈ။ အဖွဲ့ဝင်များမှ အဖွဲ့အစည်းအကြောင်း သိလိုသည်များကိုမေးမြန်းခြင်း အစီအစဉ်။
ည။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း ၏ခံယူချက် (၆) ချက်။
3.At the 2nd meeting
a)Giving detailed explanation about six resolutions for the foundation’s members
b)Discussing the members to enable them to be kind to their children
c)Conditions, and the rules and regulations to be followed when grouping five members
d)The reason why to women
e)Basic concept to be considered for business
f)Benefits of savings
g)Answering questions about the foundation from the members
h)Six resolutions for the foundation’s members
၃။ (၂) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ ခံယူချက်(၆) ချက်အား အကျယ်တဝင့်ရှင်းလင်းပြီး ဆွေးနွေးမှုများပြုလုပ်ခြင်း။
ခ။ အဖွဲ့ဝင်များအား သားသမီးများအပေါ်ကြင်နာစွာဆက်ဆံတတ်စေရန် ဆွေးနွေးမှုများပြုလုပ်ပေးခြင်း။
ဂ။ အဖွဲ့ဝင် (၅)ဦးဖွဲ့လျှင် သိရှိရမည့်အချက်များ နှင့် လိုက်နာရန် စည်းကမ်းချက်များ။
ဃ။ အမျိုးသမီးများအားပေးရသည့်ရည်ရွယ်ချက်။
င။ စီးပွားရေးလုပ်လျှင် အခြေခံစဉ်းစားရမည့်အချက်။
စ။ စုဆောင်ခြင်း၏အကျိုး။
ဆ။အဖွဲ့ဝင်များမှအဖွဲ့အစည်းအကြောင်း သိလိုသည်များ မေးမြန်းခြင်းအစီအစဉ်။
ဇ။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက် (၆) ချက်။
4.At the 3rd meeting
a)Giving detailed explanation about the rules and regulations to be followed by five-member cluster
b)Giving detailed explanation about the conditions to be observed before borrowing
c)Giving detailed explanation about the conditions to be observed after borrowing
d)Explaining about filling application forms
e)Re-explaining about basic concept to be considered for doing business
f)Discussing how to deal with neighbors
g)Answering questions about the foundation from the members
h)Six resolutions for the foundation’s members
၄။ (၃) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။ (၅) ဦးအဖွဲ့များလိုက်နာရန်စည်းကမ်းအား အကျယ်ရှင်းလင်းခြင်း။
ခ။ ချေးငွေမရယူမီလိုက်နာရမည့်စည်းကမ်းများအားရှင်းလင်းခြင်း။
ဂ။ ချေးငွေရယူပြီးသူတိုင်းလိုက်နာရမည့်စည်းကမ်းများအားရှင်းလင်းခြင်း။
ဃ။အသင်းဝင်ခွင့်လျှောက်လွှာဖြည့်စွက်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်း။
င။စီးပွားရေးလုပ်လျှင်အခြေခံစဉ်းစားရမည့်အချက်အားထပ်မံရှင်းလင်းခြင်း။
စ။ပတ်ဝန်းကျင်နှင့်ဆက်ဆံရေးအကြောင်းရှင်းလင်းတင်ပြခြင်း။
ဆ။အဖွဲ့ဝင်များမှအဖွဲ့အစည်းအကြောင်းသိလိုသည်များမေးမြန်းခြင်း အစီအစဉ်။
ဇ။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက် (၆) ချက်။
5.At the 4th meeting
a)Discussing about the group leader
b)Discussing about the responsibility of members
c)Discussing about the conditions to be known when loan request are made
d)Re-discussing on saving practice
e)Discussing about the education and jobs of the members’ children
f)Appointing the chairperson and secretary of the groups
g)Answering questions about the foundation from the members
h)Six resolutions for the foundation’s members
၅။ (၄) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။ အဖွဲ့ခေါင်းဆောင်၏တာဝန်အားရှင်းလင်းဆွေးနွေးခြင်း။
ခ။ အဖွဲ့ဝင်များ၏ တာဝန်အားရှင်းလင်းဆွေးနွေးခြင်း။
ဂ။ချေးငွေအဆိုပြုလွှာများတင်ပြတောင်းခံလျှင်သိရှိရမည့်စည်းကမ်းချက်များအားဆွေးနွေးပြောဆိုခြင်း။
ဃ။စုဆောင်းတတ်သည့်အလေ့အကျင့်နှင့်ပတ်သက်၍ထပ်မံဆွေးနွေးပြောဆိုခြင်း။
င။ အဖွဲ့ဝင်များ၏ သားသမီးများပညာရေးနှင့် အလုပ်အကိုင်များ အကြောင်း ပြောဆိုဆွေးနွေးမှုများပြုလုပ်ခြင်း။
စ။ အုပ်စုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးခန့်အပ်တာဝန်ပေးမှုများပြုလုပ်ခြင်း။
ဆ။ အဖွဲ့ဝင်များမှအဖွဲ့အစည်းအကြောင်း သိလိုသည်များ မေးမြန်းခြင်းအစီအစဉ်။
ဇ။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက် (၆) ချက်။
6.At the 5th meeting
a)Asking about investment loan to members by the foundation
b)Discussing about the points of view upon the vision of Social Lite Microfinance Foundation members
c)Discussing about the principles of Socio Lite Microfinance
d)Utilization of investment loan
e)Spending to get profit
f)Discussing about the terms and conditions of the investment loan contract
g)Answering questions about the foundation from the members
h)Six resolutions for the foundation’s members
၆။ (၅) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။ အဖွဲ့ဝင်များအားအဖွဲ့အစည်းမှ ရင်းနှီးမြှုပ်နှံမှုချေးငွေနှင့် ပတ်သက်သည့် ကိစ္စများအားမေးမြန်းခြင်း။
ခ။ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက်အပေါ်အမြင်သဘောထားအားမေးမြန်းဆွေးနွေးမှုများပြုလုပ်ခြင်း။
ဂ။ ဘဝနေခြည်၏ စည်းကမ်းချက်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှု များပြုလုပ်ခြင်း။
ဃ။ ရင်းနှီးမြှုပ်နှံမှုချေးငွေအား အသုံးချနည်း။
င။ အကျိုးအမြတ်ရရန်သုံးစွဲနည်း။
စ။ ရင်းနှီးမြှုပ်နှံမှုချေးငွေ စာချုပ်အကြောင်းရှင်းလင်းပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခြင်း။
ဆ။ အဖွဲ့ဝင်များမှအဖွဲ့အစည်းအကြောင်း သိလိုသည်များ မေးမြန်းခြင်း အစီအစဉ်။
ဇ။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက် (၆) ချက်။
7.At the 6th meeting
a)Elaborating the resolutions of Social Lite Microfinance Foundation
and encouraging members to perform according to the visions
b)Giving investment loan
c)Encouraging to expand the investment loan
d)Explaining about fundamental points to consider in doing business
e)Explaining again about how to spend the loan
f)Explaining again about spending to get profit
g)Answering questions about the foundation from the members
h)Six resolutions for the foundation’s members
၇။ (၆) ကြိမ်မြောက်တွေ့ဆုံမှုတွင်
က။ဘဝနေခြည်အမြင်အားအကျယ်တဝင့်ရှင်းလင်းတင်ပြပြီးအဖွဲ့ဝင်များအား
ယင်းအမြင်အတိုင်း ကြိုးစားဆောင်ရွက်သွားရန်တိုက်တွန်းမှု များ ပြုလုပ်ခြင်း။
ခ။ ရင်းနှီးမြှုပ်နှံမှုချေးငွေများပေးအပ်ခြင်း။
ဂ။ရင်းနှီးမြှုပ်နှံမှုချေးငွေ အားတိုးပွားအောင်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောဆိုခြင်း။
ဃ။စီးပွားရေးလုပ်လျှင်အခြေခံစဉ်းစားရမည့်အချက်အားထပ်မံရှင်းလင်းပြောဆိုခြင်း။
င။ ချေးငွေအားအသုံးချနည်းအား ထပ်မံရှင်းလင်းတင်ပြပြောဆိုခြင်း။
စ။ အကျိုးအမြတ်ရရန်သုံးစွဲနည်းအားထပ်မံရှင်းလင်းတင်ပြပြောဆိုုခြင်း။
ဆ။အဖွဲ့ဝင်များမှအဖွဲ့အစည်းအကြောင်း သိလိုသည်များ မေးမြန်းခြင်း အစီအစဉ်။
ဇ။ ဘဝနေခြည်အဖွဲ့ဝင်တိုင်း၏ခံယူချက် (၆) ချက်။
Basic concept to be considered for business
စီးပွားရေးလုပ်လျှင်အခြေခံစဉ်းစားရမည့်အချက်။
၁။မိမိလုပ်ဆောင်မည့် လုပ်ငန်းအား ရွေးချယ်ရမည်။
၂။မိမိရွေးချယ်ထားသည့် လုပ်ငန်းသည်ကိုယ်တိုင်ကျွမ်းကျင် တတ်မြောက်ရမည်။
၃။လုပ်ငန်းတွင် သုံးစွဲမည့် လုပ်ငန်းသုံး ကိရိယာ ပြည့်စုံရမည်။
၄။အရင်းအနှီး ပြုလုပ်မည့် ငွေကြေး ရှိရမည်။
၅။မိမိလုပ်ဆောင်မည့် လုပ်ငန်းသည် အမြတ်ရမည့် လုပ်ငန်းဖြစ်ရမည်။
The benefits of saving money
Every family must save money every day.
The habit of saving money must be cultivated even
though the financial pressure exists.
Save money by reducing eating snacks, tea and cigar.
A plan to spent the saving must be made.
Some portion of the saving must also be saved.
The business must be expended by reinvesting in the business with those savings.
Saving must be left for family health, education and other emergency situations.
စုဆောင်ခြင်း၏အကျိုး။
၁။မိသားစုတိုင်းသည် နေ့စဉ် ငွေစုဆောင်းရမည်။
၂။မပြေလည်သော်လည်း စုဆောင်းတတ်သည့် အလေ့အကျင့်ကို မွေးမြူ ရမည်။
၃။ဆေးလိပ်၊လက်ဖက်ရည်၊မုန့်ဟင်းခါးအစရှိသော သရေစာများ
အား လျှော့ စားစေခြင်း ဖြင့်နေ့စဉ်စုဆောင်းနိုင်မည်။
၄။စုဆောင်းထားသည့်ငွေအား မည်သို့သုံးစွဲမည်ကိုလည်း အစီအစဉ် ပြုလုပ် ထားရမည်။
၅။မိမိလုပ်ငန်းမှရရှိသော အကျိုးအမြတ်အချို့ကိုလည်း စုဆောင်းထားရ မည်။
၆။ယင်းစုငွေများကိုလည်း လုပ်ငန်းတွင် ထပ်မံရင်းနှီးခြင်းဖြင့် တိုးပွားအောင် လုပ်ဆောင်ရမည်။
၇။မိသားစုကျန်းမာရေး၊ ပညာရေးနှင့် အခြားကိစ္စများတွင် သုံးစွဲရန်ကိစ္စများ
ပေါ်ပေါက်လာလျှင်သုံးရန် အရေးပေါ်စုငွေအဖြစ် စုဆောင်းထားရမည်။
Dealing with people in the neighbors
The following points shall be performed so that members of Social Lite Microfinance Foundation have a smooth dealing with people in the society.
Sellers are the ones who have to deal with many kinds of people.
The business will get profit only if one has good relationship with people.
The business will expand only if it gets profit.
Members should bear in mind a saying which goes “Soft words win hard hearts. Fair words break no bone. A good tongue is a good weapon.”
One must believe that the business can prosper as much as one have a good social relation.
To do business, one must be flexible in dealing with people.
One must also have a wish in volunteer works for the society.
One must work to develop its society as much as she can.
ပတ်ဝန်းကျင်နှင့်ဆက်ဆံရေး
ဘဝနေခြည်အဖွဲ့ဝင်များအား ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးပြေပြစ်စေ ရန်အတွက် အောက်ပါအချက်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် သည်။
၁။ ဈေးရောင်းသူအများစုမှာ လူအများနှင့် ဆက်ဆံရသူများ ဖြစ်သည်။
၂။ ဆက်ဆံရေးကောင်းမှသာ မိမိလုပ်ငန်းအတွက် အကျိုးအမြတ်ရရှိ မည် ဖြစ်သည်။
၃။အကျိုးအမြတ်ရရှိမှသာ လုပ်ငန်းကျယ်ပြန့်လာမည် ဖြစ်သည်။
၄။ မြန်မာစကားပုံတွင်ရှိသည့် နှုတ်ချို၊သျိုတစ်ပါးဟူသော စကားပုံကို လက်ကိုင်ထားသင့်သည်။
၅။ လူမှုဆက်ဆံရေးကောင်းလျှင် ကောင်းသလောက် မိမိလုပ်ငန်း တိုး တက်နိုင်သည် ဟုယုံကြည်စွာဖြင့် လုပ်ကိုင်ရမည်။
၆။ စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်နှင့် ဆက်ဆံမှုများ သည့် အလျောက် ညီညွတ်စွာနေထိုင်သွားတတ်ရမည်။
၇။ အခြားလူမှုရေး လုပ်ငန်းများတွင်လည်း ပါဝင်ကူညီလိုစိတ်များ ရှိရမည်။
၈။ လူမှုပတ်ဝန်းကျင် တိုးတက်ရေးကိုလည်း တတ်နိုင်သမျှ လုပ်ဆောင် ရမည်။
ဘဝနေခြည်အဖွဲ့ဝင်များအား ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး ပြေပြစ် စေရန်အတွက် အောက်ပါအချက်များဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
a.Means to utilize loan money
ရင်းနှီးမြှုပ်နှံမှုချေးငွေအား အသုံးချနည်း။
၁။ချေးငွေကို အသေးစားဝင်ငွေရ စီးပွားရေးလုပ်ငန်းများတွင် အရင်း အဖြစ် သုံးစွဲရမည်။
၂။ယင်းလုပ်ငန်းမှ ရရှိသောအကျိုးအမြတ်အချို့ကို ထပ်မံရင်းနှီးခြင်း ဖြင့် အရင်းငွေပိုများအောင်လုပ်ဆောင်ရမည်။
၃။အရင်းကို မိသားစုစားဝတ်နေရေးနှင့် အခြားကိစ္စများတွင် ထုတ်ယူ သုံးစွဲခြင်း မပြုလုပ်မိစေရန် သတိထားရမည်။
၄။မိသားစုစားဝတ်နေရေးအတွက် အသုံးပြုလိုလျှင် အမြတ်ငွေမှ သာ ထုတ်ယူ သုံးစွဲရမည်။
၅။ယင်းထက်ကျော်လွန်သုံးစွဲမိလျှင် မိမိ၏ အရင်းငွေနည်းပါးသွားပြီး လုပ်ငန်းတွင် ထိခိုက်နစ်နာမှုများ ဖြစ်လာနိုင်သည်။
၆။ချေးငွေမှအတိုးပုံမှန်ပေးရသည့်အတွက်လုပ်ငန်းလည်ပတ်မှုရှိမှသာအရင်းငွေပုံမှန်ရှိမည်ဖြစ်သည်။
၇။မိမိ၏လုပ်ငန်းတွင် အရှုံးပေါ်ခဲ့သည်ရှိသော် စီမံကိန်း ထံ အကူအညီ၊အကြံဥာဏ်များတောင်းခံနိုင်သည်။
b.Spending to get profit
အကျိုးအမြတ်ရရန်သုံးစွဲနည်း။
၁။မိမိလုပ်ငန်းမှရရှိလာသော အကျိုးအမြတ်အား ထပ်မံတိုးချဲ့ရင်းနှီး ရမည်။
၂။ဈေးကွက်ကိုလည်း လက်ရှိဈေးကွက်ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင် နိုင်ရန် လေ့လာရမည်။
၃။အရင်းအနှီးများလာသောကြောင့် အမြတ်ပိုမိုရရှိ လာနိုင်သည်။
၄။ယင်းရရှိလာသောအမြတ်တို့ကို လုပ်ငန်းတွင် ထပ်ပေါင်းရင်းနှီးပြီး ဈေးကွက်ချဲ့ထွင် လုပ်ဆောင်ရမည်။
၅။ ယင်းအကျိုးအမြတ်မှ ချေးငွေပြန်ဆပ်ခြင်းဖြင့် မိမိရင်းနှီးငွေမှာ လျော့ပါး သွားခြင်း မရှိပါ။
၆။ အမြတ်အချို့ကို စုဆောင်းငွေအဖြစ် ထားရမည်။
၇။ ယင်းစုဆောင်းငွေများတွင် မိသားစုကျန်းမာရး ၊ပညာရေး ကိစ္စများတွင် သုံးစွဲရန် အတွက်သီးခြားထားရမည်။
၈။ ယင်းသို့ အပြန်ပြန်ရင်းနှီးလုပ်ကိုင်သွားခြင်းဖြင့် မိသားစုဘဝ တိုးတက် လာမည် ဖြစ်သည်။